နွားထိုးကြီးမြို့နယ်တွင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများအား မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် မြေဩဇာထည့်ခြင်း ဆောင်ရွက်

နွားထိုးကြီး၊  စက်တင်ဘာ   ၂၅

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ခက်လန်းကျေးရွာ တောင်သူဦးစိန်ကုလား၏ လယ်ကွင်း၌ တိုင်းဒေသကြီးအစီအစဉ်ဖြင့် စိုက်ပျိုးထားသောမိုးစပါး Rs to Cs  မျိုးသန့်ပွားမျိုးစေ့ထုတ် စိုက်ခင်းများအား ဖြစ် ထွန်းအောင်မြင်မှုရှိစေရေးအတွက် မျိုးကွဲနုတ်ပယ်ခြင်း၊ပေါင်းနုတ်ခြင်းနှင့် မြေဩဇာထည့်သွင်းမှု ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ခံဝန်ထမ်းများက ဦးဆောင်ပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


ထိုသို့ ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်း၊ ပေါင်းနုတ်ခြင်းနှင့် မြေဩဇာထည့်သွင်း ဆောင်ရွက်ခြင်း အားဖြင့် အပင်သန်စွမ်းပြိးစပါးအထွက်နှုန်းတိုးသည့်အတွက် တောင်သူများထံ မျိုးကောင်း မျိုးသန့်များ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သည်။ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို သုံးကြိမ်ဆောင်ရွက် ရမည်ဖြစ်ရာ တတိယအကြိမ်ကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများ၏ ပြောကြားချက် အရ သိရသည်။


နိုင်လင်း(ပြန်/ဆက်)