(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟားခါးမြို့ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

ဟားခါး၊ စက်တင်ဘာ ၂၆

အောက်တိုဘာ (၁) ရက်နေ့တွင်ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉နာရီတွင် ချင်းပြည်နယ် ဟားခါးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၌ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ အမှတ် (၁၆) ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲနှင့် အမှတ် (၁၃) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုတို့မှ တပ်ဖွဲ့ဝင် (၁၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

စုပေါင်းသွေးလှူဒါန်းပွဲသို့ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးနှင့်အရာရှိကြီးများ လာရောက်ကြည့်ရှုအားပေးကာ သွေးလှူဒါန်းသည့်တပ်ဖွဲ့ဝင်များကို အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြပြီး ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးမှ ရောဂါဗေဒအထူးကုဆရာဝန် ဒေါက်တာ ဖြိုးပိုင်ကျော်နှင့် ကျန်းမာရေး ဆရာ၊ ဆရာမများက လိုအပ်သည်များဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)