လှိုင်းဘွဲမြို့နယ် Community Centre ၌ Physical Fitness Dance ကို Online မှတစ်ဆင့် တင်ဆက်

လှိုင်းဘွဲ၊  စက်တင်ဘာ  ၂၆

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အားကာစားနှင့်ကာယပညာဦးစီးဌာနက Physical Fitness Dance အား Online မှတစ်ဆင့် တင်ဆက်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆောင်ရွက်ခဲ့သည်။

မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကာမှူး နှင့်Physical Fitness Dance အဖွဲ့က  Myanmar Fitness Dance (MFD)ကို Online မှတစ်ဆင့် အပတ်စဉ်သောကြာနေ့တိုင်း ပြည်သူ့စာကြည့်တိုက်တွင် တင်ဆက်ပေးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသော မိဘပြည်သူများ၊ ကျန်မာရေးလိုက်စားသူများအတွက် လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)