ဖယ်ခုံ၊ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပီကင်းလုံးဖိ ကျေးရွာတွင်းလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာနှင့် တာ၀န်ရှိသူများမှ စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါပီကင်းလုံးဖိကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အဖြစ်COVID-19 Economic Relief Plan (CERP)အရ Cash for Work(CFW) စီမံကိန်းကျေးရွာ ရန်ပုံငွေကျပ်သိန်းတစ်ရာဖြင့် ကျေးရွာတွင်းလမ်း သဲဗြုန်းခင်းခြင်းလုပ်ငန်း ပေ ၆၅၀၀ ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်
“ကျွန်တော်တို့ ဖယ်ခုံမြို့နယ်မှာ နိုင်ငံတော်ကချမှတ်ထားတဲ့ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် အရ Cash for Work စီမံကိန်းကျေးရွာ ခုနှစ်ရွာအတွက် တစ်ရွာကို ကျပ်သိန်းတစ်ရာစီ စုစုပေါင်း ကျပ်သိန်း ၇၀၀ ရရှိပါတယ်။ အဲဒီခုနှစ်ရွာမှာ ရွာတွင်းလမ်းသဲဗြုန်းခင်းခြင်း၊ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့ကတော့ (CFW)လုပ်ငန်းတွေထဲက ပီကင်းလုံးဖိကျေးရွာတွင်းလမ်း သဲဗြုန်းခင်းခြင်းဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးတာဖြစ်ပါတယ် ” ဟု မြို့နယ်ဦးစီးမှူး ဦးကျော်စွာက ပြောသည်။
COVID-19 ဖြစ်ပွားမှုကြောင့် ထိခိုက်မှုရှိသော ကျေးလက်နေပြည်သူများ၏ မိသားစု၀င်ငွေ၊ အလုပ်အကိုင် အခက်အခဲများကို ကုစားမှုအနေဖြင့် ကိုဗစ်စီးပွားရေးကုစားမှုအစီအစဉ် COVID-19 Economic Relief Plan (CERP) ဖြင့် မြို့နယ်အတွင်း ကျေးရွာခုနှစ်ရွာတွင် Cash for Work (CFW) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် အိမ်ခြေ ၄၃၆ အိမ်ရှိ လူဦးရေ ၂၅၁၄ ဦးခန့်၏ သွားလာ ဆက်သွယ်မှု အဆင်ပြေစေရေးအတွက် အကျိုးပြုမည်ဖြစ်ပြီး စီမံကိန်းလုပ်သားတစ်ဦးချင်းစီ၏ နေ့ စားလုပ်အား ခရရှိသည့်အတွက် မိသားစု၀င်ငွေရရှိခဲ့ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်း မြို့နယ် ဦးစီးမှူးက ဆက်လက်ပြောကြားသည်။
ကိုထွေး(ဖယ်ခုံ)