အရည်အသွေးကောင်းစပါးမျိုးများ ဂန့်ဂေါတွင် ယှဉ်ပြိုင်စမ်းသပ်

ဂန့်ဂေါ၊ စက်တင်ဘာ ၂၆

ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသည် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်း၍ အရည် အသွေးကောင်းစပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းကို ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် ဆောင်ရွက် လျက် ရှိသည်။

"ဈေးကွက်ဝင်အရည်အသွေးကောင်းစပါးမျိုးတွေ စိုက်ပျိုးခြင်းဖြင့် တောင်သူတွေ စီးပွားရေး တွက်ခြေ ကိုက်ပြီး ဝင်ငွေတိုးစေဖို့အတွက် အရည်အသွေးကောင်းစပါးမျိုးအသစ်တွေကို တောင်သူတွေကိုယ် တိုင် ပါဝင်ရွေးချယ်နိုင်ဖို့ သရုပ်ပြစမ်းသပ်ကွက်တွေ စိုက်ပျိုးရခြင်း ဖြစ်ပါတယ်။ စမ်းသပ်စိုက်ပျိုးတဲ့ စပါး မျိုးတွေရဲ့ ဒေသနဲ့ကိုက်ညီမှု၊ အပင်ဖြစ်ထွန်းမှု၊ အထွက်နှုန်းနဲ့ အကျိုးအမြတ်ရရှိမှု၊ စားကောင်း မကောင်းနဲ့ တောင်သူကြိုက်နှစ်သက်မှု စတာတွေကို ယှဉ်ပြိုင်စမ်းသပ်ထားပါတယ်"ဟု ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်းမှ ရရှိသည့် အရည်အသွေးကောင်းစပါးမျိုးသစ် (၉)မျိုးကို စံထားမျိုးများဖြစ်သည့် ဧကရီမွှေး၊ ရေဆင်းလုံးသွယ်၊ ဒေသစံထားမျိုးဖြစ်သည့် ဆင်းသုခ စပါးမျိုး များဖြင့် ယှဉ်ပြိုင်စမ်းသပ်ထားကြသည်။ သရုပ်ပြစမ်းသပ်ကွက်တစ်ကွက်လျှင် စပါးမျိုး ၅မျိုးဖြင့် သရုပ်ပြစမ်းသပ်ကွက် ၃ ကွက် စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။

တောင်သားမောင်သန်း