ဆော စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဆောမြို့နယ် ရဲတပ်ဖွဲ့မှ (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီက ဆောမြို့ ဇေယျာရပ်ကွက်ရှိ အမှတ်(၁)မူလွန်ကျောင်း ဝင်းအတွင်းနှင့် အပြင်လမ်းဘေးတစ်လျှောက် ချုံနွယ်ပေါင်းမြက်များကို စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်မြင့် ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ရုံး နှင့် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊တပ်ဖွဲ့ဝင်မိသားစုများ ပါဝင်ဆောင်ရွက် ကြသည်။
၂၀၂၀ ပြည့်နှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစု (၆၅) ဦးတို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲရုံးမှ သိရသည်။
ဇော်မျိုးသန့်(ဆော)