သံတောင်ကြီးမြို့ စက်တင်ဘာလ ၂၇
ကရင်ပြည်နယ်၊ဘားအံခရိုင်၊သံတောင်ကြီးမြို့နယ်၊သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို စက်တင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပေးအပ်ရာတွင် သံတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို သံတောင်မြို့ တာဝန်ခံဆရာဝန် ဒေါက်တာစစ်သွေးပိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေး မှူးများထံ ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပစ္စည်းများမှာ PPE ဝတ်စုံ(၅)စုံ၊ hand speaker (၄)လုံး၊ အပူချိန်တိုင်း ကိရိယာ(၄)ခု၊ မျက်နှာကာ(၁၀)ခု တို့ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်