သီပေါ၊ စက်တင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာအုပ်စုအတွင်း ကိုဗစ်−၁၉ ရောဂါကြောင့် အလုပ်အကိုင်နည်းပါးပြီး ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် နိုင်ငံတော် အစိုးရ၏ ပဉ္စမအကြိမ်ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) စီ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် ဆက်လက်ထောက် ပံ့လျက်ရှိကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုင်းဆန်ယွန်း၊ သက်ဆိုင် ရာ ရပ်ကွက်၊ ကျေးရွာများမှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် စာရေးဝန်ထမ်းတို့မှ ပြည်သူများ လက်ဝယ် အရောက် ဆက်လက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် နမ့်လန်ကျေးရွာအုပ်စုတွင် ရပ်ကွက် (၁၁) ရပ်ကွက်၊ ကျေးရွာ (၅) ရွာရှိပြီး ပုံမှန်ဝင်ငွေမရှိသည့် အိမ်ထောင်စုပေါင်း (၄၄၇) စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေစုစုပေါင်း (၈၉) သိန်းလေးသောင်းကို ဆက်လက်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)