ပင်လယ်ဒီရေတိုက်စားမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စုများအား ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ခေါဇာ၊ စက်တင်ဘာ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့၊ ကဗျာဝကျေးရွာတွင် အပူပိုင်းမုန်တိုင်းနို(လ်) အရှိန်ကြောင့်လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ရေမြင့်တက်ခြင်းတို့ကြောင့် စက်တင်ဘာ ၂၀ ရက်နေ့က လူနေအိမ်(၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။

အဆိုပါ ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စု(၉)စုအား ယမန်နေ့နံနက်ပိုင်းက ရေးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှတာဝန်ရှိသူများက အိမ်ထောင်စုတစ်စုလျှင် ကျပ်(၃)သိန်းခန့်တန်းဖိုးရှိသော အစားအသောက်၊ အဝတ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ညီညီချမ်း(ပြန်/ဆက်)