ကျောက်တလုံးကြီး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ နောင်ကားကျေးရွာအုပ်စု တွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တောင်ကြီးမြို့နယ်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန နှင့် တဲခဲ ကျေးရွာ ဒေသခံပြည်သူများတို့ပူးပေါင်း၍ ညောင်ခမ်း-တဲခဲ ကျေးရွာချင်း ဆက်အရှည်(၁)မိုင်(၂)ဖာလုံနှင့် အကျယ်(၁၂) ပေရှိသောကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့် က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညောင်ခမ်း-တဲခဲရွာချင်း ဆက်ကတ္တရာလမ်းသစ်ကို ရှမ်းပြည်နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးအောင်ထွန်း၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်းအောင်နှင့် လမ်းဖြစ်မြောက်ရေး ကော်မတီံဉက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
ယင်းညောင်ခမ်း-တဲခဲကျေးရွာချင်း ဆက်ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးခွန်ရဲထွေး၊ မဲဆန္ဒအမှတ်(၂)ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သူရအောင်နှင့် တာဝန်ရှိသူများ၊ ကျောက်တလုံးကြီးမြို့မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်း နှင့်ဌာနဆိုင်ရာများ တတ်ရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် လမ်းဖြစ်မြောက်ရေး အလှူရှင်များ က တဲခဲ ဘုန်းတော်ကြီးကျောင်း၌ အလှူရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသသသည်။
မြဝင်း(ပြန်/ဆက်)