ညောင်ရွှေ စက်တင်ဘာ ၂၈
ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ညောင်ရွှေမြို့နယ်အတွင်းသို့ အဓိကဝင် ရောက်နိုင်သည့် နေရာနှစ်ခုတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၂၆) ရက်တွင်လည်း နံနက် ၆နာရီမှ စတင်၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့များသည် မြို့နယ်အတွင်း အဓိကဝင် ရောက်နိုင်သည့် နေရာများဖြစ်သည့် တောင်လေးလုံး-ခေါင်တိုင်လမ်းနှင့် ညောင်ရွှေ-ပေါင်းပိုင်းလမ်းဆုံ၊ ကျွန်းတောင် -ကျောက်တလုံးလမ်းနှင့် စံကား-နန်းပန်လမ်းဆုံ နေရာတို့တွင် နေ့စဉ်ဝင်ရောက်လာသူများကို ကိုယ်အပူချိန်တိုင်းတာ၍ ကျန်းမာရေး စစ်ဆေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်၍ သွားလာကြစေ ရေးအတွက် အသိပညာပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးသူရိန်