ဖောင်းပြင်မြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ဖောင်းပြင်   စက်တင်ဘာ   ၂၇

ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ပေးသော ကိုဗစ်- ၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့်  ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ပေးခြင်းနှင့်အတူ ကျေးရွာမှ ဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကျေးရွာမှပြည်သူများကိုယ်တိုင် ဆောင်ရွက်စေ၍ လုပ်အားငွေများကို ပေးချေသည့် Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးရွာ ၆ ရွာ၌ ဇူလိုင်လ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်း ပြည့်ပြီးစီးနေပြီဖြစ်ပြီး စီမံကိန်းကို ဆောင်ရွက်ရာ၌ နေစားလုပ်ကိုင်သူများအား လုပ်အားငွေများကို ပေးချေပေးပြီးဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

၎င်းစီမံကိန်းဖြင့် ရွာတန်းရှည်ကျေးရွာ၌ လမ်းအရှည် ၃၁၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ ကျေး ရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းကိုလည်းကောင်း၊ ဘိုင်းလည်ကျေးရွာ၌ လမ်းအရှည် ၃၀၀၀ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းကိုလည်းကောင်း၊ မိုင်း ချောင်းကျေးရွာ၌ လမ်းအရှည် ၃၁၀၀ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉လက်မရှိ ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ နတ်စက်ကျေးရွာ၌ လမ်းအရှည် ၂၈၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ ကျေးရွာတွင်းလမ်း ချောင်းသဲကျောက်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ ဟဲ လှော်ကျေးရွာ၌ လမ်းအရှည် ၄၃၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မရှိ ကျေးရွာတွင်းလမ်း ချောင်း သဲကျောက်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ တုံကောင်းမှုကျေးရွာ၌ ကျေးရွာတွင်း ရေနုတ်မြောင်းတူး ဖော်ခြင်းလုပ်ငန်း အရှည် ၁၂၀၀၀ပေ၊ အကျယ် တစ်ပေခွဲ၊ အနက် တစ်ပေခွဲနှင့် ကျေးရွာတွင်းလမ်း ကျောက်ရောမြေခင်းခြင်းလုပ်ငန်း လမ်းအရှည် ၂၀၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉ လက်မကိုလည်း ကောင်း ကျေးရွာသူရွာသားများအား ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေများပေးချေခဲ့ခြင်း ဖြစ် ကာ လုပ်အားခအနေဖြင့် တစ်ရက်လျင် ၄၈၀၀ကျပ်မှ ၆၀၀၀ကျပ်အထိပေးချေခဲ့ကြောင်း၊ စီမံကိန်းလုပ် ငန်းများအားလုံးကို စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်ခဲ့ကြောင်း ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  မြို့နယ်ဦးစီးမှူး ဦးအွမ်တမ်ဟုန်း ထံမှ သိရသည်။

အဆိုပါဆောင်ရွက်ပေးမှုများသည် ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေစဥ်ကာလအတွင်း ကျေးလက်နေပြည် သူများအား စားနပ်ရိက္ခာဖူလုံစေရန်နှင့် မိသားစုဝင်ငွေရရှိရေးလုပ်ငန်းများ ထိခိုက်နစ်နာ ဆုံးရှုံးမှုအား ကုစားပေးနိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက COVID- 19 Economic Relief Plan(CERP) ကိုရေးဆွဲပြီး ကျေးရွာ၏ ကုန်ထုတ်လမ်းများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများ အရ ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေများ ချက်ချင်း ပေးချေခြင်းဖြင့် ကိုဗစ်- ၁၉ ရောဂါ ကြောင့် ထိခိုက်နစ်နာမှုများကို ပြန်လည်ကုစားပေးခြင်းဖြစ်ကြောင်း  သိရသည်။

 

မြင့်ထွန်း(ဖောင်းပြင်)