မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အချို့နှင့်စပါးခင်း၊ပြောင်းခင်းများ ရေနစ်မြုပ်မှုဖြစ်ပွား

သိန္နီ      စက်တင်ဘာ    ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးခရိုင်၊သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက်(၁) နာရီအချိန်ခန့်က နမ့်စလပ်ကျေးရွာ အုပ်စုအတွင်းရှိ အရှည်ပေ(၁၀၀)ပေ ၊ အကျယ်(၃၀)ပေခန့်ရှိ သံကူကွန်ကရစ်တံတားပေါ်သို့ရေကျော်ကာ ၎င်းတံတားအောက် ဘက်ရှိ နေအိမ်(၃၆)လုံး ခန့်ရေ၀င်ခြင်း၊ နေအိမ်အချို့မှာခြံစည်းရိုးအုတ်တံတိုင်းများပြိုကျခြင်း၊လယ်ယာမြေစပါးခင်း၊ပြောင်းခင်း များ ရေနစ်မြုပ်ခြင်း များဖြစ်ပေါ်ခဲ့သည်။

အဆိုပါမိုးရွာသွန်းမှုကြောင့် ကောင်းကော်ကျေးရွာအုပ်စု၊ ကောင်းကော်ကျေးရွာအတွင်းရှိ လက်လုပ်ဆည်(၁)ခု ပျက်စီးခဲ့ပြီး ဆည်အနီးရှိ လယ်ယာမြေအချို့ပျက်စီးခြင်း၊ စပါးခင်း၊ ပြောင်းခင်းများရေလွှမ်းခြင်းများဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြှပ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရသည်။

သဘာ၀ဘေးဖြစ်ပွားသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့၀င်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်ကြက်ခြေနီတပ်ဖွဲ့၀င်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး သဘာ၀ဘေး ကြုံတွေ့နေရသည့်ပြည်သူများအား စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။။

ဖိုးချို( ပြန်- ဆက်)