ပင်းတယ စက်တင်ဘာ ၂၈
(၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့တွင်း ဘုန်းတော်ကြီး ကျောင်းဝင်းနှင့် အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ရှမ်းပြည် တောင်ပိုင်း၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၆ ရက်နံနက်ပိုင်း ကဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများအဖြစ် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းနှင့် အနီးပတ်ဝန်း ကျင်တို့အား ပေါင်းပင်များသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်သရိုက်များကိုသိမ်းဆည်းပေးခြင်း ၊ သစ်ကိုင်းခြောက်များအား မီးရှို့ခြင်း စသည့်လုပ်ငန်းများကို ပင်းတယမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းသိန်း၊ သတင်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးတင့်လွင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များ၊ ရဲတပ်သားများနှင့် မိသားစုဝင်များ၊ စုစုပေါင်းအင်အား ၃၈ ဦးတို့က စုပေါင်းသန့်ရှင်းရေးပြုလုပ် ကာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုခဲ့ကြောင်းလည်းသိရသည်။
ခင်မျိုးနွယ်(ပင်းတယ)