ချင်းရွှေဟော် စက်တင်ဘာ ၂၈
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက် ရှိရာ ယမန်နေ့ညနေ(၄)နာရီအချိန်က နေရပ်ပြန်ပြည်သူ(၂၁)ဉီး ထပ်မံဝင်ရောက်လာခဲ့သည်။
အဆိုပါဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၁)ဉီးတို့မှာ အမျိုးသား(၆)ဉီး၊ အမျိုးသမီး(၁၅)ဉီးတို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်မှ(၂)ဉီး၊ ဒေါပုံမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်မှ(၄)ဦး၊ ဒီပဲယင်းမြို့နယ်မှ(၄)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်မှ(၁)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်မှ(၅)ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်မှ(၁)ဉီး ၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ(၂)ဉီးနှင့် အမ်းမြို့နယ်မှ(၁)ဉီးတို့ ဖြစ်သည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင် နှင့် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်း ဒေသကြီး/ပြည်နယ်များသို့ စနစ်တကျစီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်နေ့မှယနေ့အထိ အမျိုးသား(၈၅၄၄ ) ဉီး နှင့် အမျိုးသမီး(၆၈၈၈)ဉီးတို့ဖြစ်ပြီး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၅၄၃၂)ဉီးတို့ကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်းသိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)