မင်းတပ် စက်တင်ဘာ ၂၈
(၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် Facility Quarantine ဝင်နေသူများအား ယနေ့နံနက် ၈ နာရီအချိန်က မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ထမင်းဘူးများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ(၁) ရက်နေ့တွင် ကျရောက်မည့် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းတပ်ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီး ဘင်နီဖိုင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည် မင်းတပ်မြို့နယ်အတွင်းရှိ Facility Quarantine ထားရှိသည့် အ.ထ.က (၃) ကျောင်းရှိ အသွားအလာ ကန့်သတ်ထားသူ (၅၀) ဦး၊ ခရိုင်ပြည်သူ့ဆေးရုံဝင်းအတွင်း (နှစ်ထပ်ဆောင်) ရှိ အသွားအလာ ကန့်သတ်ထားသူ (၂၅) ဦး၊ အ.ထ.က (၁) ကျောင်းရှိ အသွားအလာ ကန့်သတ်ထားသူ (၃၀) ဦး၊ စုစုပေါင်း (၁၀၅) ဦးတို့အား နံနက်စာနှင့် ညနေစာအတွက် ထမင်းဘူးများလှူဒါန်းခဲ့ကြကြောင်း သိရသည်။
မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ သုံးဦးရှိပြီး Facility Quarantine Centre လေးခု၌ အသွားအလာ ကန့်သတ်ထားသူ (၁၀၅) ဦးရှိကာ ခရိုင်နှင့်မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများက ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး Mindat Covid-19 Volunteer အဖွဲ့ဝင်များကလည်း ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ခွီရှိန်းမောင်း(ခရိုင်ပြန်/ဆက်)