ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂၈
ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်း၌သူနာပြုနှီးနွယ်သင်တန်းကျောင်း၊ အထက(၁)ကျောင်း၊အထကခွဲ(လ၄) ကျောင်းတို့၌ဖွင့်လှစ်ထားရှိသော Quarantine Centre များ သို့ ယမန်နေ့နံနက် ၁၀နာရီအချိန်က ထမင်းဘူးများလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက် တိမ်ညိုလမ်းနေအလှူရှင် မောင်ဘုန်းမြတ်သူမှ ထမင်းဟင်း(အပါ)ဘူး(၁၆၀)နှင့် ဦးစည်သူ +ဒေါ်သန္တာဦးမိသားစုမှ ကြာဇံကြော် (၇၂) ဘူးနှင့်အချိုရည်ဘူး(၇၂)ဘူးတို့အား လှူဒါန်းပေးအပ်ခဲ့ရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်နှင့် တာဝန်ကျ ဌာနဆိုင်ရာများက လက်ခံရယူခဲ့ကြောင်း သိရသည်။
စားသောက်ပစ္စည်းများထောက်ပံပေးအပ်ရာတွင် Quarantine Centre ၌စောင့်ရှောက်မှုပေးနေသော အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း(Volunteer)များနှင့်တာဝန်ရှိသူများမှ တဆင့်ထောက် ပံ့ပေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)