ဖျာပုံ စက်တင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့မိမြို့ဖများထံအရောက် အလှူငွေများလက်ခံခဲ့ရာ ဦးသိန်းထွန်း (ဦးပေါက်)၊ ဒေါ်အေးအေးမြတ် (ရေခဲစက်နှင့်ရွှေဆိုင်) မိသားစုမှ အလှူငွေကျပ်(၁၀)သိန်း၊ ကိုမောင်မောင်၊ မအေးအေးမြင့်နှင့် ကိုအောင်အောင်၊ မထက်ထက်ဝင်း (ရေခဲရောင်းဝယ်ရေး)မိသားစုမှ အလှူငွေကျပ် (၁၀)သိန်း၊ ဖျာပုံမြို့ ဂဏန်းလုပ်ငန်းရှင် များအဖွဲ့မှ အလှူငွေကျပ် (၅)သိန်း၊ ဦးမြတ်သူရ၊ ဒေါ်မေမြတ်ကိုကို(Novalight Co.,Ltd) မိသားစု (ရန်ကုန်)မှ အလှူငွေကျပ် (၅)သိန်းနှင့် မြန်မာ့ဩဘာ မိသားစု(ဖျာပုံစင်တာ) မှ ငွေကျပ်(၁)သိန်းနှင့် H2 O2 ပိုးသတ်ဆေး ၁ လီတာဘူး (၅၀)ဘူး စုစုပေါင်း အလှူငွေကျပ်(၃၁)သိန်း တို့ကို အသီးသီး လှူဒါန်းခဲ့ကြသည်၊၊
အဆိုပါ လှူဒါန်းငွေများဖြင့် ဖျာပုံမြို့တွင် အသိပညာပေးခြင်း၊ မြို့အဝင်ဂိတ်များဖွင့်လှစ် စစ်ဆေးခြင်း၊ Facility Quarantine ထားရှိခြင်း စသည့်ကာကွယ်ရေးလုပ်ငန်းများနှင့် ဆေးရုံတွင် ဆေးရုံသုံးပစ္စည်းများ ဝယ်ယူစုဆောင်းခြင်းစသည့် ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြု သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပူးပေါင်း ပါဝင်လှူဒါန်းလိုသော စေတနာရှင်များအနေဖြင့် ဖျာပုံမြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုး ဖုန်းနံပါတ် ၀၉၄၅၅၇၅၅၉၆၀ Hotline ၀၉၄၅၄၇၄၀၆၁၄ ထံသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ဖျာပုံမြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်၊၊
လှလှနွယ် (ခရိုင်ပြန်/ဆက်)