ပုံပါကျင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် ပုံပါကျင်မြို့ နယ်စပ်မှ တစ်ဆင့် ထပ်မံ ဝင်ရောက် လာသူ နှစ်ဦး အား ယမန်နေ့ နံနက်ပိုင်းက ပုံပါကျင်မြို့ အခြေခံ ပညာအထက် တန်း ကျောင်း တွင် facility quarantine ထားရှိထားကြောင်းသိရသည်။
အဆိုပါ ဝင်ရောက်လာသူနှစ်ဦးမှာ အသက်(၃၆)နှစ်အရွယ်နှင့်အသက်(၂၈)နှစ်အရွယ် အမျိုးသမီး တို့ဖြစ်ကြပြီး ပုံပါကျင်မြို့မှ ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ချင်းမိုင်မြို့သို့ သွားရောက် လုပ်ကိုင်ခဲ့ကြရာမှ စက်တင်ဘာ ၂၆ ရက်နေ့ က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ နှစ်နိုင်ငံနယ်စပ် ဝမ်လုံရွာသို့ကားဖြင့်လာရောက်ခဲ့ပြီး ဝမ်လုံရွာမှ နမ့်ဟူးခွန်ရွာ အကျော်လမ်းခွဲသို့ ခြေလျင် လာရောက်ကာ နမ့်ဟူးခွန်ရွာထိပ်တွင် ၎င်းတို့၏ဆွေမျိုးဖြစ်သူမှ ဆိုင်ကယ်နှင့်လာရောက်ကြိုသဖြင့် ပုံပါကျင်မြို့နေအိမ်သို့ စက်တင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီက ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသူနှစ်ဦးအားပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Facility Quaratine (၁၄)ရက်ထားရှိကာ ကျန်းမာရေး အခြေအနေ စောင့်ကြည့်မှုများ ပြုလုပ်ပြီး ရောဂါမရှိပါက ၎င်းတို့၏နေအိမ်တွင် Home Quaratine ဆက်လက်ထားရှိမည် ဖြစ်ပြီး ဆိုင်ကယ်နှင့်သွားရောက်ကြိုသူကို လည်း ၎င်း၏ နေအိမ်တွင် Home Quaratine ထားရှိထားပြီဖြစ်ကြောင်းသိရသည်။ပုံပါကျင်မြို့ Facility Quaratineတွင် ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ယနေ့အထိ စုစုပေါင်း (၆)ဦး ရှိပြီဖြစ်ကြောင်း သိရ သည်။
စန္ဒီ(ပြန်/ဆက်)