အထက်မင်းလှ စက်တင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ ၊မြို့နယ်အားကစားကွင်းတွင် ဖွင့်လှစ်ထားသော ယာယီပျံကျစျေးတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချကြရန် ယနေ့ နံနက် ၇ နာရီက မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ယာယီစျေးအတွင်း Hand Speaker ဖြင့်
လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ က စျေးအတွင်း ရောင်းချနေသော စျေးရောင်း၊ စျေးဝယ်များအား နှာခေါင်းစည်း Mask နှင့် Face Shield များတပ်ဆင်ပြီး ရောင်းချကြရန်၊ တစ်ဦးနှင့်တစ်ဦး(၆) ပေအကွာ မှနေ၍ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ကြရန်၊ ဈေးဝယ်သူများ အနေဖြင့် နှာခေါင်းစည်း Mask တပ်ဆင်ပြီး စျေးအတွင်းသို့ ဝင်ရောက်၍ စျေးဝယ် ယူရန် စျေးအတွင်းမဝင်မီ လက်ဆေးပြီးမှဝင်ရောက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်ရွက်ထားရှိပြီး စနစ်တကျ ရောင်းချကြရန်တို့ကိုအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)