မိုင်းယောင်းမြို့နယ် ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာတွင် တောင်သူပညာပေး ကွင်းလက်တွေ့သရုပ်ပြသပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များပေးအပ်

မိုင်းယောင်း စက်တင်ဘာ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု၊ ဝမ်ဟွန်းကျေးရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာတွင် ယနေ့ နံနက် ပိုင်းက စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်းပြီး တောင်သူပညာပေး ကွင်းလက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) ဖြင့် ဆောင်ရွက်ထားသော မိုးစပါး မျိုးစေ့ ထုတ် စိုက်ခင်းအား မြက်ဖြတ်စက်ဖြင့် စံကွက်ရိတ်သိမ်းခြင်းကို လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာ တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များကို အခမဲ့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း