ရန်ကုန် စက်တင်ဘာ ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် ဖျားနာဆေးကုခန်း Fever Clinic ကို မြို့နယ် ဘောလုံးကွင်းတွင် အပတ်စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် နံနက်(၉)နာရီမှ နေ့လယ် (၁၁)နာရီထိ ကုသပေးလျက်ရှိရာ ကိုဗစ်-၁၉ သံသယဖျားနာ လူနာများအပြင်ဆီးချို၊ သွေးတိုး လူနာများအား ကုသပေးခြင်းအပြင် တီဘီရောဂါ အတွက် ရွေ့လျားဓာတ်မှန်စက်များဖြင့် အင်္ဂါနေ့တိုင်း အခမဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ စစ်ဆေးကုသပေးရာတွင် အခက်အခဲမရှိ အဆင်ပြေစွာ ကုသပေးနိုင်ရေးအတွက် ယမန်နေ့ နေ့လယ် (၁၂)နာရီ၌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သာကေတ မြို့နယ် ဖျားနာဆေးကုခန်း (Fever Clinic) တွင်ကုသပေးသော စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ သူနာပြုများ၊ မြိုနယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေး အဖွဲ့အစည်းမှစေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံပြီးလက်ရှိလိုအပ်ချက်နှင့်အခက်အခဲ များကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ထို့အပြင်သာကေတမြို့နယ်အဆင့် ကိုဗစ်-၁၉ အနံ့ပျောက် လူနာများ ထားရှိနိုင်မည့် centre အားအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း ထံမှသိရှိရသည်။
ဆောင်းနှင်းဖြူ(ပြန်ဆက်)