မိုင်းရယ်၌ ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများ ပြုလုပ်

မိုင်းရယ် စက်တင်ဘာ   ၂၈

ကျေးရွာနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် Network Activities Group (NAG) မှ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများကို ယနေ့ နံနက်() နာရီက စတင်ကျင်းပခဲ့ရာ Network Activities Group (NAG) မှ စီမံကိန်းညှိနှိုင်းရေးမှူး ဦးပြုံးချိုက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မိုင်းရယ်မြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဘိုဘိုအောင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေးခြင်းကို လည်းကောင်း၊ မိုင်းရယ် မြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်း ဦးခင်မောင်က​ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများအား လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်က ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေဖြစ်သော စိုက်ပျိုးရေးနည်းစနစ်များအား လည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့သည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ Network Activities Group (NAG) ၏ စီမံကိန်းဝင်ကျေးရွာများဖြစ်သည့် မန်ပုံ၊ လုတ်ခိုက်၊ နားခို၊ နားဖျိုင်း၊ ဟိုယ၊ ကောင်းမောင်၊ လွယ်ငင်း၊ မန်စန့်၊ နောင်မို ကျေးရွာများမှ ဒေသခံပြည်သူများ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)