ပုံပါကျင် စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု ၊ ကယန်း ကုန်းတွင် တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းအေးလှိုင်နှင့် အဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ပုံပါကျင်မြို့ရှိ ကျေးရွာများအတွင်း မွေးမြူထားသော ဝက်များ ရောဂါကူးစက်မှု မရှိစေရေး၊ဝက်များသေဆုံးမှုရှိပါက စနစ်တကျမြေမြုပ်ရေး၊ ဝက်များတွင် ဖြစ်ပွားတက်သော ရောဂါများ၏သမိုင်း ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ရောဂါ ကူးစက်ပုံ အဆင့်ဆင့်နှင့် ကာကွယ်ရေးလုပ်ငန်းများ၊ရောဂါဖြစ်ပွားပါက ကူးစက်မှု လျော့နည်း စေရေး အတွက် ကာကွယ်နည်းစနစ်များ၊ရောဂါမဖြစ်ပွားမီနှင့် ဖြစ်ပွားပြီး ကာကွယ်ဆေးဖြန်းနည်း များအကြောင်း၊ ဒေသတွင်းမွေးမြူထားသော ဒေသကြက်များ ရောဂါ ဖြစ်ပွားမှုမရှိစေရေး ကာကွယ် ရမည့် နည်းလမ်း များကို အသိပညာပေးဆွေးနွေးခဲ့သည်။ထို့နောက် ကျေးရွာနေ ပြည်သူ များ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ဖြေကြား ခဲ့ကြောင်း သတင်း ရရှိသည်။
စန္ဒီ(ပြန်/ဆက်)