မိုင်းငေါ့မြို့တွင်းရှိ စားသောက်ဆိုင်များ အားလုံး Take away(ပါဆယ်) စနစ်ဖြင့် ရောင်းချ စေရေး ကွင်းဆင်းစစ်ဆေး

 

မိုင်းငေါ့ စက်တင်ဘာ ၂၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အတွင်းရှိ ဖွင့်လှစ် ရောင်းချလျက် ရှိသော စားသောက်ဆိုင်များအား စက်တင်ဘာ ၂၆  ရက်နေ့မှ စတင်၍ Take-away (ပါဆယ်) စနစ်ဖြင့်သာ ရောင်းချနိုင်ရေး အတွက် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်ခန့်က ကွင်းဆင်း စစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် (ပါဆယ်)စနစ်ဖြင့်သာ ရောင်းချ နိုင်ရေး နှင့်ရောင်းချရာ၌ လည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန် ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာညွှန်ကြားချက်များနှင့် အညီလိုက်နာ ဆောင်ရွက် ထားကြရန်စသည်တို့အားအား ကွင်းဆင်းအသိပေးစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များဖြင့်ရောင်းချခြင်းမရှိပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးမှုကိုမိုင်းငေါ့မြို့စည်ပင်သာယာရေးဌာန ဦးအောင်ချမ်းငြိမ်း (ဒုဦးစီးမှူး) မြို့နယ် ခွဲတာဝန်ခံနှင့်ဝန်ထမ်းများမှကွင်းဆင်းစစ်ဆေး‌ခဲ့ကြောင်းသိရှိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)