လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ထပ်မံဖွင့်လှစ်မည့် Quarantine Centre အတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ အမှတ် (၁၇) ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းတွင် ထပ်မံဖွင့်လှစ်မည့်  Quarantine  Centre အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျောင်းတွင် Quarantine Centre ထားရှိချိန်၌ လိုအပ်မည့် သောက်ရေ၊ ချိုးရေများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ မီးကြိုးများ သွယ်တန်းတပ်ဆင်ခြင်း၊ လုံလောက်သည့် အလင်းရောင်ရရှိပြီး လေဝင်လေထွက်ကောင်းမွန်သော စာသင်ခန်းများအား စိစစ်ရွေးချယ်ခြင်းနှင့် နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမူများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ တိုင်းဒေသ ကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်(၂) ဦးဇော်အောင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်း Quarantine Centre ပေါင်း(၁၄)နေရာ ထားရှိပြီးဖြစ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအသီးသီးရှိ သံသယလူနာများအား အဆိုပါ Quarantine Centre များတွင် သီးသန့်ထားရှိလျက်ရှိကြောင်း သိရသည်။
မေရီစိုး(ပြန်/ဆက်)