ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူးက ကာလဒါနအလှူအဖြစ် ငွေကျပ်(၆၇)သိန်းကျော် ထပ်မံလှူဒါန်း

ကျောင်းကုန်း   စက်တက်ဘာ   ၂၈

 

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက ကော်မတီအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလှူရှင်များမှ လှူဒါန်းငွေများကို ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုလျက် ရှိကြောင်း၊ ယနေ့လှူဒါန်းသည့် ကျောင်း ကုန်းမြို့နယ်အသင်း အတွင်းရေးမှူးနှင့်အလှူရှင်များ၊ ရန်ကုန်မြို့ရောက် ကျောင်းကုန်းမြို့သား အားလုံးနှင့်ကိုဗစ်ကော်မတီသို့ လှူဒါန်းပေးခဲ့ကြသည့် ကျောင်းကုန်းမြို့နယ်အတွင်းမှ အလှူရှင် များအားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အေးနိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေတို့က ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် မြို့နယ်ကိုဗစ်ကော်မတီသို့ ရန်ကုန်မြို့ရောက် ကျောင်းကုန်းမြို့နယ် အသင်းသားများက ငွေကျပ်(၁၀)သိန်းလှူဒါန်းခဲ့ပြီး ကျောင်းကုန်းမြို့နယ်အသင်း အတွင်းရေးမှူး ဦးကြည်လွင်+ ဒေါ်သီသီဆန်း မိသားစု (ထွန်းမြတ်သူ ကုမ္ပဏီ)က ဆန်(၁၅၀)အိတ်၊ ဆီ(၁၀) ပိဿာ ပုံး(၇၀)၊ ကုလားပဲ(၁၀)ပိဿာအိတ်(၂၀) စုစုပေါင်းတန်ဘိုးငွေကျပ် (၆၇)သိန်းကျော်လှူဒါန်းမှုအား အလှူ ရှင်ကိုယ်စား ဦးစိန်ဝင်းက ပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကော်မတီတွင် ပါဝင်သည့် ဌာနဆိုင်ရာများက လက်ခံရယူခဲ့ကြသည်။

ဧပြီလ ၂၉ ရက်နေ့က ပထမအကြိမ် ကာလဒါနအလှူအဖြစ် ငွေကျပ်(၄၂)သိန်းကျော်ကို ရန်ကုန်မြို့ရောက် ကျောင်းကုန်းမြို့သားများက ဝိုင်းဝန်းလှူဒါန်းခဲ့ပြီး ကိုဗစ်-၁၉ ကာလ ဆွမ်းခံမကြွနိုင်သည့် စာသင်တိုက်(၅)တိုက်သို့ ဆန်(၃)အိတ်၊ ဆီ(၁)ပုံး၊ ကုလားပဲ(၁) အိတ်စီနှင့် ဘုန်းတော်ကြီး ကျောင်း(၂၄) ကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၁)ပုံးနှင့် ကုလားပဲ(၁)အိတ်စီ ထောက်ပံ့ပေးခဲ့ပြီး၊ ထွေ/အုပ်၊ မြန်မာနိုင်ငံရဲ၊ စည်ပင်၊ မီးသတ်၊ ကြက်ခြေနီ၊ လ.ဝ.က၊ ပြည်သူ့ဆေးရုံနှင့် ကော်မတီ လူငယ် (၂၉၀)ဦးတို့အား ဆန် (၆)ပြည်၊ဆီ(၅၀)သား၊ ကုလားပဲ(၅၀) သားစီတို့ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)