ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ မြူနှင်းပိတ်ချိန် မထွက်ခွာစေရေး ဒလမြို့နယ်ရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား စစ်ဆေး

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြစ်တွင်း၌ မြူနှင်းပိတ်မှုကြောင့် ရန်ကုန်မြို့သို့ တက္ကသိုလ် ဝင်တန်း စာမေးပွဲ သွားရောက် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ခရီးသွား မိဘ ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေး၊ ဘေးကင်း လုံခြုံရေးအတွက် မြစ်တွင်းသွား စက်တပ် သမ္ဗန်များ၌ သတ်မှတ်ထားသော စည်းကမ်းများ လိုက်နာမှုရှိစေရေး၊ မြူနှင်းပိတ်ချိန် ကမ်းမှ ခရီးသည်များ တင်ဆောင်ပြီး မထွက်ခွာစေရေးတို့ကို ယနေ့ နံနက်ပိုင်းက ဒလမြို့နယ်အတွင်းရှိ ကူးတို့ဆိပ်(၁၁)ဆိပ်အား  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်မှု ကော်မတီမှ ကွင်းဆင်းစစ်ဆေး ခဲ့ပြီး ထပ်ဆင့် အသိပေး ပြောကြားခဲ့သည်။

မြစ်သားမြို့နယ်တွင် Covid 19 ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး လိုအပ်သည့်ဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေ ကျပ်(၁၀)သိန်း လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် Coronavirus Disease 2019 (Covid- 19) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သောဆေးဝါးနှင့် ပစ္စည်းများအတွက် အလှူငွေကျပ်(၁၀)သိန်းလှူဒါန်းပေးအပ်ပွဲကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘောဂလိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့လျက်ရှိရာ ယနေ့ နံနက် (၈နာရီခွဲ)အချိန်က ဘောဂလိမြို့ အမှတ်(၃) ရပ်ကွက်အတွင်း  ကွင်းဆင်း ထောက်ပံ့ပေးခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မန်နေဂျာ၏ လမ်းညွှန်မှုဖြင့် MPT Sim Card မှတ်ပုံတင်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း စောလျင်စွာ ပြီးစီးနိုင်ရေးအတွက် လေးမျက်နှာမြို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ဝန်ထမ်းများမှ မတ်လ ၁၁ ရက်နေ့မှ စတင်၍ မြို့နယ်ဌာနဆိုင်ရာရုံးများနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောက်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းတပ်မြို့၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မင်းတပ်မြို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ​ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်မရော၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၆၁၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဟင်္သာ ခန်းမ၌ပြုလုပ်သည်။

ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအဆောက်အဦသစ်တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံး အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ် ၁၆၃ ဒသမ ၂၀ သန်းဖြင့် ဌာနမှတာဝန်ယူ၍ ယခုနှစ်ဇန်နဝါရီ ၁ ရက်ကစတင် ဆောက်လုပ်ခဲ့ရာ ယခုအခါ ၈၆ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်း အင်ဂျင်နီယာ(၂)(မြို့ပြ)ဒေါ်မေဇော်ဦးက ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူများအား မြို့မိမြို့ဖ စေတနာရှင်ပြည်သူများက စာရေးကိရိယာ ပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေသန့်ဗူးနှင့် မုန့်များ လာရောက်ကျွေးမွေးလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မတ် ၁၆ ရက် ၊ ယနေ့ နံနက် ၉ နာရီက ၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုကျင်းပရာ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများကို ပွင့်ဖြူမြို့ပေါ်ရှိ စေတနာရှင် ပြည်သူများက စုပေါင်း၍ စာရေးကိရိယာပစ္စည်းများနှင့် အာဟာရဒါနအဖြစ် သောက်ရေဗူးများနှင့်  မုန့်များလာရောက်ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

Covid-19 ရောဂါနှင့်ပတ်သက်၍ လဟယ်မြို့၌ အသိပညာပေးလုပ်ငန်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် Covid-19 ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက်က  မြို့ပေါ်ရပ်ကွက်၊ စည်ပင်သာယာဈေး၊ လမ်းဆုံနှင့်လက်ဖက်ရည်ဆိုင်တို့၌ နှာခေါင်းစည်း တပ်ဆင်ပုံ၊ လက်ဆေးခြင်းလက်တွေ့ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်၌ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ

နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။
Subscribe to