ဒေါပုံမြို့နယ် အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ်ထားရှိသည့် Quarantine Center သို့ PPE ဝတ်စုံများနှင့် Mask များလာရောက်လှူဒါန်း

ဒေါပုံ စက်တင်ဘာ ၂၈

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်ရှိ အ.ထ.က(၁)ကျောင်း၌ ဖွင့်လှစ် ထားရှိသော Quarantine Center သို့ ယမန်နေ့ နံနက် (၁၁) နာရီက PPE ဝတ်စုံများ နှင့်Mask များ လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပစ္စည်းများဖြစ်သည့် မြို့နယ် Quarantine Center တွင် Volunteers အတွက် PPE (Level 1)ဝတ်စုံ ၇၀စုံ ၊ Fever Clinic တွင်အသုံးပြုရန်အတွက် Level-1ဝတ်စုံ(၃၀)စုံတို့ကို မိုးသီးအထူးကုဆေးခန်းမိသားစုတို့က လှူဒါန်းပေးပြီး နွယ်အေး စွန္ဒီဂျာမေဗလီလူမှုရေးအသင်းမှ Mask (၁၀၀) ဘူး နှင့် မြို့မိ မြို့ဖ ဦးမြင့်လွင်မှ သစ္စာမဏ္ဍိုင်လူမှုရေးအသင်းအား (PPE) ဝတ်စုံ (၅၀) တန်ဖိုးရှိ အလှူငွေများပေးအပ်လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ထိုသို့ လာရောက်လှူဒါန်းခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် တာဝန်ရှိသူများက လက်ခံရရှိခဲ့ကြောင်း သိရသည်။

သဲစုစုလွင်(ပြန်/ဆက်)