ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့် လိပ်သိုမြို့ရှိ ဘာသာရေးကျောင်းများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်း

လိပ်သို စက်တင်ဘာ ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီပံ့ပိုးမှုဖြင့်  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်၊ စိန်ဖရန့် စစ်ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ်ဘုန်းကြီးကျောင်းတိုက်တို့အား ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။     

ထိုသို့ ပေးအပ်ရာတွင် သံတောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်၊ လိပ်သိုမြို့ အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော်နှင့် လိပ်သိုတိုက်နယ်ဆရာ၀န် ဒေါက်တာဇေယျာဦး တို့က လိပ်သိုမြို့ စိန်ဒေါမိနစ်ကျောင်းတိုက်၊ စိန်ဖရန့်စစ်ဆေးလ်ဗီယာ သီလရှင်ကျောင်းနှင့် သံမိုးတောင်ကျေးရွာ ကတ်သလစ် ဘုန်းကြီးကျောင်းတိုက်တို့အား ကိုဗစ်-၁၉ ကာလ အတွင်း ကရင် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်  ထောက်ပံ့ငွေများကို ကျောင်းထိုင် ဘုန်းတော်ကြီးများထံ လက်၀ယ်အရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း လိပ်သို ဒေသအတွင်းရှိ  ဘုန်းကြီးကျောင်းများအား လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခဲ့ပြီး အခြေခံ လူတန်းစားများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)