ကျောက်တန်းမြို့နယ်တွင် မူလွန်ဆင်ကန်ကျောင်းနှင့် အထက မြိုင်သာယာ ကျောင်းတို့၌ Quarantine Centre ထားရှိရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ(၄၅)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း (Mask) မတပ်ပဲ နေအိမ်ပြင်ပသို့ သွားလာ သူများကို အရေးယူဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့တွင် နှာခေါင်းစည်း(mask)မတပ်ပဲ နေအိမ် ပြင်ပ သို့သွားလာသူများကို ယနေ့ နံနက် နံနက်ပိုင်းမှစတင်ကာ ထိရောက်စွာအရေးယူ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

စလင်းမြို့နယ် ရှမ်းစုကျေးရွာ၌ အ.မ.က ကျောင်းဆောက်လုပ်မှု ၉၅ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုကို သတ်မှတ်ရက်အတွင်း အချိန်မီ တည်ဆောက် ပြီးစီးနိုင်ရေးအတွက် မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးမြင့်ဝေနှင့် ကျောင်း အကျိုးတော်ဆောင်များ သွားရောက်စစ်ဆေးခဲ့ရာ ယခုအခါ ၉၅ရာနှုန်း ပြီးစီးပြီ ဖြစ်သည်။

ကသာခရိုင် ဗန်းမောက်မြို့နယ်၌ စီးပွားရေးကုစားမှု အစီအစဉ်အရ စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကိုဗစ်-၁၉ ရောဂါကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာပေါင်း ခြောက်ရွာတွင် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ်တွင်နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ်မြောက် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများသို့ ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၄)အုပ်စုမှ အခြေခံ လူတန်း စားအိမ်ထောင်စု ၁၈၀၇၅ စုတို့အားတစ်အိမ်ထောင်လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ ပေးအပ်ပွဲကို ယနေ့ နံနက် (၁၁) နာရီက မြိုန့ယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများ အနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းနိုင်

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ရွှေစက်တော်မန်းချောင်းဆင်စခန်း ယာယီ ပိတ်ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်ရှိ ဆင်ချစ်သူများ အနေဖြင့် Online မှတစ်ဆင့် ဆင်စာဘူဖေး ကျွေးမွေးလှူဒါန်းနိုင်ကြောင်း သိရသည်။

ကျိုက်မ​ရော ၌ ပုံမှန်ဝင်ငွေ မရှိ​သောအိမ်​ထောင်စုများအား​ထောက်ပံ့​ငွေ​ပေးအပ်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် အတွင်း ရှိရပ်ကွက်​ကျေးရွာများတွင် ကိုဗစ်-၁၉ ​ရောဂါ​ကြောင့် အလုပ်အကိုင် နည်းပါးပြီးပုံမှန်ဝင်​ငွေ မရှိသည့် အ​ခြေခံလူတန်းစားအိမ်​​ထောင်စု များအတွက် နိုင်ငံ​ တော်အစိုးရ၏ တတိယအကြိမ် ​ထောက်ပံ့မှုအဖြစ် တစ်အိမ်ထောင်လျှင် ​ငွေကျပ် ၂၀၀၀၀ စီ ​​ထောက်ပံ့ ​ပေးအပ်ခြင်းကို စက်တင်ဘာ ၂၇ရက်ည​နေ၃နာရီခန့်က ပြည်သူများအား​ထောက်ပံ့​ပေးလျကိရှိ​ကြောင်းသိရသည်။

ပေါက်မြို့နယ် မန်ကျီးပင်ကျေးရွာ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံ ကိန်း စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အ ထည်ဖော်ဆောင်ရွက်လျှက်ရှိသော ကူးကားကျေးရွာအုပ်စု မန်ကျီးပင်ကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်၍ ကျေးရွာ စာသင် ကျောင်းဆောင် တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ နည်းပညာပံ့ပိုးမှု၊ ကျေးရွာလူထုများနှင့်အတူ ဖေဖော်ဝါရီ ၂၄ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျိုက်မ​ရောမြို့နယ်၌ အသက် ၈၀နှင့် ၈၅နှစ် အကြား ဘိုးဘွားများအား​ ငွေ​ကြေး​ထောက်ပံ့

မော်လမြိုင် ခရိုင်၊ ကျိုက်မ​ရော မြို့နယ်တွင် အသက်၈၀နှင့် ၈၅ နှစ်အကြား ဘိုးဘွားများ အားနိုင်ငံ​တော်မှ​​ထောက်ပံ့​ငွေ များကို​ယမန်​နေ့​နေ့လည်ပိုင်း ကကျေးရွာအ​ရောက်ကွင်းဆင်း​ထောက်ပံ့​ပေးအပ်ခဲ့​ကြောင်းသိရသည်။

ရွှေကူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၅၇၁၄ စုအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to