နမ္မတူမြို့နယ်ရှိ အထူးရဲသင်တန်းဖွင့်လှစ်ပို့ချမည့် အမှတ်-၉ အခြေခံ ပညာမူလတန်း ကျောင်း၌ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (နမ္မတူ)နှင့် မေတ္တာရှင်နာရေးလူမှုကူညီရေး အသင်းတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်ရှိ အထူးရဲသင်တန်းဖွင့်လှစ်ပို့ချမည့် အမှတ်-၉ အခြေခံပညာ မူလတန်းကျောင်း၌ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နေ့လည် (၁)နာရီခွဲအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နှင့် မဲရုံလုံခြုံရေးအတွက်အထူးရဲ၁၆၁ဦး ခန့်အပ်တာဝန်ပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ် ၊ နိုဝင်ဘာ ၈ရက်တွင် ကျင်းပ မည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်မဲဆန္ဒရှင် ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ရန် အထူးရဲ ၁၆၁ဦးကို ခန့်အပ် တာဝန်ချထားပေးမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ရွာသစ်မြို့တွင် သံလွင်မြစ်ရေ မြင့်တက်ခဲ့မှုကြောင့် သီးနှံထိခိုက်ပျက်စီးမှုအတွက် တောင်သူများ ထံ ထောက်ပံ့ငွေ လက်၀ယ်အရောက် ပြန်လည်ပေးအပ်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် (၂၂.၈.၂၀၂၀)ရက်နေ့က သံလွင်မြစ်ရေ မြင့် တက်ခဲ့မှုကြောင့် သံလွင်မြစ်ကမ်းအနီးရှိ တောင်ယာ လုပ်ကိုင်သူများအား သီးနှံစိုက်ခင်း ထိခိုက် ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းခရိုင် မြင်းမူ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့များမှ မြို့အဝင် ကျန်းမာရေး စစ်ဆေးခြင်းနှင့် ခရီးသွားလာမှုမှတ်တမ်းရယူမှုများအား စစ်ဆေးကြပ်မတ်

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်လွင်နှင့်တာဝန်ရှိသူများသည်၊ မြင်းမူမြို့ အဝင်တွင် ဖွင့်လှစ်ထားရှိသည့် ခရီးသွားများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ခရီးသွားလာမှု မှတ်တမ်း များ ရယူဆောင်ရွက်နေမှုများအားစစ်ဆေးကြပ်မတ်လျှက်ရှိကြောင်းသိရှိရသည်။

မအူပင်မြို့တွင် (၅၆) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် စုပေါင်းသွေးလှူ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ အောက်တိုဘာလ (၁) ရက်နေ့တွင်ကျရောက် မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၁၀ နာရီက မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် ခရိုင်ရဲတပ်ဖွဲမှူးရုံး ဒုတိယရဲမှူးကြီး ကျော်ခင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များစုပေါင်းကာ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

မန့်ဟီးရိုးမြို့ နောင်ဟင်ကျေးရွာတွင် မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်ရာ ယခင်နှစ်များထက် စပါး အထွက်နှုန်း လျော့နည်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၊ နောင်ဟင်ကျေးရွာအုပ်စု၊ နောင် ဟင်ကျေးရွာတွင် ကျေးရွာကိုယ်စားပြု မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို တောင်သူဒေါ်မိုင်ငင်းမြ ၏လယ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့လယ်စီ/စာရင်းအင်းဌာန၊ မြို့စိုက်ပျိုးရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် ကျေးရွာမှ တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် Cash For Work စီမံကိန်း​​ ဖြင့်ဆောင်ရွက်​​သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများလျော့ နည်းသက်သာ စေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash For Work စီမံကိန်းဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတို့တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ် ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရှိရသည်။

သန်လျင်မြို့ မြို့မဈေးကြီး၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် (Mask Campaign) ပြုလုပ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ပါးစပ်နှာခေါင်းစည်း Mask များစနစ်တကျ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီက မြို့မဈေးကြီး အတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ကာလ နယ်မြေကျော် သွားလာခြင်းရှိ/မရှိနှင့် Mask စနစ်တကျတပ်ဆင် ရေးအထူး ကြပ်မတ်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉  ကပ်ရောဂါ ကာလအတွင်း ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်၊ ထိန်းချုပ်ရေးနိုင်ရေးအတွက် မြို့နယ်အတွင်းသို့ နယ်မြေကျော်သွားလာခြင်း ရှိ/ မရှိနှင့် Mask စနစ်တကျ တပ်ဆင်ရေး အထူးကြပ်မတ်စစ်ဆေးခြင်းကို

ဟင်္သာတမြို့တွင် မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်ဆေးရေးလုပ်ငန်းများ အထူးကြပ်မတ် ဆောင်ရွက်

ဟင်္သာတမြို့နယ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့ဝင်/မြို့ထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးရေး လုပ်ငန်းများကို အထူးကြပ်မတ်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။
Subscribe to