နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ

နန်းယွန်း စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ယနေ့ နံနက် ၁၀ နာရီခန့်က ခရီးသွားပြည်သူများ၊ လမ်းသွား လမ်းလာပြည်သူများကို မြို့နယ်စည်ပင်သာယာရေးဈေးရှေ့ မြို့မ/ရှရပ်ကွက်လမ်းစုံ၌ နှာခေါင်း စည်း(Mask) ၂၀၀ ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် နိုင်ရေးအတွက် ပြည်သူများအပြင်ထွက်လျင် နှာခေါင်းစည်း(Mask)များတပ်ဆင်ပြီး သွားလာကြရန်နှင့် မိမိမိသားစု၊ ပတ်ဝန်းကျင်ရှိပြည်သူများ အား ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ပထမအကြိမ်သတိပေးခြင်းဖြစ်ပြီး နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိပါက အရေးယူဆောင်ရွက်သွ ားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပညာပေးဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ဦးထွန်းကျော်နိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘာမန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဟန်ကမ်း(ပြန်/ဆက်)