ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင် ကိုဗစ်-၁၉ ရောဂါအကြောင်း ပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ခန္တီး စက်တင်ဘာ  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုအရ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ခန္တီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးကော်မီနှင့် မီးသတ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာများနှင့် ခရိုင်ကြက်ခြေနီနှင့် ခရိုင်လူငယ်ရေးရာကော်မတီ စသည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများပူးပေါင်း၍ ဇီးဖြူကုန်းရပ်ကွက် ပျံကျဈေး၌ ကိုဗစ်-၁၉ ရောအကြောင်း ပညာပေးခြင်း ၊ ဈေးသည်များနှင့် ဈေးဝယ်များ လိုက်နာရမည့် စည်းကမ်းများ ရှင်းလင်းခြင်း ၊ Mask အခမဲ့ ဖြန့်ဝေခြင်းနှင့် ခန္တီး မြို့ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ထားသော (Community Based Facility Quarantine) နေရာများမှ ထွက်ရှိသော  အမှိုက်များကို စနစ်တကျ သိမ်းစည်းမီးရှို့ခြင်း ၊ ဆေးဖြန်းခြင်းနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ဟုမ္မလင်းမြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးညွှန့် ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ပြည်သူများ လိုက်နာဆောင်ရွက်မှုရှိ မရှိ ၊ Mask များတပ်ဆင်၍ သွားလာခြင်းရှိ မရှိ ၊ စစ်ဆေး ဖမ်းဆီးနိုင်ရေးအတွက် အ.ထ.က ( ၂ ) လမ်းဆုံနေရာ ၊ မြို့မဈေး ၊ ဆုတောင်းပြည့်ဘုရားလမ်းဆုံနေရာနှင့် မြို့အဝင်ဂိတ်များတွင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမ်းအင်းလမ်း(ပြန်/ဆက်)