မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် တွင် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်ငန်းဖြင့် စီးပွားရေး အဆင်ပြေ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် လက်ပံတောရွာတွင် ဝက်များကို တစ်ပိုင်တစ်နိုင် မွေးမြူ ခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေကြကြောင်း လက်ပံတော ကျေးရွာမှ ဝက်မွေးမြူသူ ဦးသောင်းလှိုင်ထွေးထံမှသိရသည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ အသက် (၈၀) နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ အသက် (၈၀) နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပြီးစီးကြောင်း သိရှိရသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့ ပြည်သူ့ဆေးရုံကြီးတွင် အသုံးပြုရန် ခုံတန်းရှည် (၅၀)လုံး အား တိုင်းဒေသကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန် ခုံတန်းရှည် (၅၀) လုံး အား တိုင်းဒေသကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ပေးအပ်လှူဒါန်းခြင်းကို သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် ဈေးသည်များအား နှာခေါင်းစည်း(Mask)၊ Face Shieldနှင့် လက်အိတ်များ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပျံကျဈေးသည်များအား နှာခေါင်းစည်း(Mask)၊ FaceShieldနှင့် လက်အိတ်များအခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇နာရီခွဲက မဟာဇေယျာဘုံ ရပ်ကွက်၊ ၂၅လမ်းနှင့်၂၆လမ်း ကြား၊ ၆၃လမ်းနှင့်၆၄လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် ခေါဇာမြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သောအခြေခံလူတန်းစား အိမ်ထောင်စုများအားပဉ္စမအကြိမ်ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊‌မော်လမြိုင်ခရိုင်၊ခေါဇာမြို့ ရပ်ကွက်(၂)တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ် အဖြစ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ ငွေများကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။

မိုင်းဆတ်မြို့၌ ဓာတ်သတ္တုလုပ်ငန်းလိုင်စင်လျှောက်ထားသည့် မြေနေရာများအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဝိန်းနေရပ်ကွက်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဆိုက်ခေါင် ကျေးရွာအုပ်စုနှင့် ကောင်းမှုတန်ကျေးရွာအုပ်စုတို့တွင် ဓာတ်သတ္တုလုပ်ငန်းလိုင်စင် လျှောက်ထားသည့် မြေနေရာများအား ခရိုင်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့တို့က ယမန်နေ့ မွန်းလွဲ(၁) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပုလောမြို့နယ် ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီခွဲက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ နောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား မြစိမ်း ရောင် ကျေးရွာ စီမံကိန်း ပဉ္စမနှစ်စက်ဝန်းချေးငွေများ ထုတ်ချေးပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိ သူများသည် ကသာမြို့နယ်၊ နောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများကို ယမန်နေ့က အဆိုပါကျေးရွာသို့ သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို နမ္မတူမြို့နယ် ယာယီပျံကျဈေး၌ ဆောင်ရွက်

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေး၌ ယနေ့နံနက် (၆)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် Mask တပ်ဆင်ခြင်း မရှိဘဲ အပြင်ထွက်သွားလာသူများအား အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များပါဝင်သော မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား ယနေ့ နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ ဈေးများရှေ့၌ အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Subscribe to