နမ္မတူ စက်တင်ဘာ ၂၉
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၆)ရှိ ယာယီပျံကျဈေး၌ ယနေ့နံနက် (၆)နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းနှင့် ဝန်ထမ်းများက နမ္မတူမြို့နယ် ယာယီပျံကျဈေးအတွင်း ဈေးရောင်း/ဈေးဝယ်လာရောက်ကြသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်စေရေး၊ လက်ကို စနစ်တကျ ဆေးကြောစေရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရန် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအတွင်း ဈေးဝယ်သူများ၊ အိမ်ဆိုင်များ၊ ဈေးဆိုင်များ၊ ဈေးနှင့်ဈေးကြီးကြပ်ရေးကော်မတီများ တိကျစွာလိုက်နာရမည့် အချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)