ခေါဇာ စက်တင်ဘာ ၂၉
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊ခေါဇာမြို့ ရပ်ကွက်(၂)တွင် ကိုဗစ်-၁၉ရောဂါကာလအတွင်း ပုံမှန် ဝင်ငွေမရှိသောအခြေခံလူတန်းစားများအတွက် နိုင်ငံတော်အစိုးရမှ ပဉ္စမအကြိမ် အဖြစ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ ငွေများကို ယမန်နေ့ ညနေပိုင်းက ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို ခေါဇာမြို့ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံးတွင် အုပ်ချုပ်ရေးမှူး ဦးစိုးဌေး နှင့် တာဝန်ရှိသူများက ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စု (၁၈၂)စုအား တစ်အိမ်ထောင် လျှင်ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
ညီညီချမ်း(ပြန်/ဆက်)