မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသားဘတ်ဂျက် စာစောင်ဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နိုင်ငံသား ရသုံးမှန်းခြေ ငွေစာရင်း (Citizen Budget) စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့  မွန်းလွဲ ပိုင်းက မုံရွာမြို့ စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ကော်မတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်အတွင်း ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်း ပြည်ထောင်စု၊ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မြို့နယ် တည်ဆောက်ရေးနှင့် အရည်အသွေး စစ်ဆေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် ကော်မတီဝင်များသည်  ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်​ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ(COVID-19)နှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကာကွယ်​ရေး အသိပညာပေး နံရံကပ်ပြဘုတ်များ စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းကိုင်မြို့နယ်၌ အရန်သားဖွား သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ် အတွင်း  ကျန်းမာရေး အသိပညာ ဗဟုသုတများ  ပြန့်ပွားစေရေး ဝေးလံခေါင်ဖျား ကျေးလက်ဒေသများ အထိ  ကျန်းမာရေး ပြုစု စောင့်ရှောက်မှုများ  လွမ်းခြုံနိုင်ရေး အတွက် ရည်ရွယ် ၍  ယနေ့ နံနက်က  မြို့နယ် ပြည်သူ့ ဆေးရုံ၌  အရန်သားဖွားသင်တန်း  ဖွင့်ပွဲ  အခမ်းအနားကို  ကျင်းပခဲ့သည်။

ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ တိုင်းရင်းသားပုံပြင်စာအုပ်များလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗဟိုစာကြည့်တိုက်တွင် အများပြည်သူများ တိုင်းရင်းသားစာပေ လေ့လာဖတ်ရှုနိုင်ရန်နှင့် တိုင်းရင်းသားကလေးငယ်များ မိခင်ဘာသာစကား တတ်မြောက်မှု မြင့်မားစေရန်နှင့် မြန်မာစာပေ မြန်မာစကားကို လေ့လာရာတွင် အထောက်အကူ ရရှိစေရန် ရည်ရွယ်၍ UNICEF  မြန်မာမှ တိုင်းရင်းသားဘာသာပုံပြင်စာအုပ်များ လာရောက်လှူဒါန်းပေးထားကြောင်း သိရသည်။

ရေဦးမြို့နယ်တွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား (၂)စင်း ဆောင်ရွက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ဖန်ခါးစဉ်ကျေးရွာတွင် လယ်ယာမြေဧက (၁၀၀၀)ကျော်ကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတား(၂)စင်းကို ယခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိကြောင် ရေဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

နတ်မောက်မြို့နယ် ထနောင်းကုန်းကျေးရွာတွင် သောက်သုံးရေ ဂါလံ ၂၈၀၀ လှူဒါန်း

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကြီးကြပ်မှုဖြင့် သောက်သုံးရေ လိုအပ်နေသည့် ထနောင်းကုန်းကျေးရွာအတွက် ရေဂါလံ ၂၈၀၀ ကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က  နတ်မောက်မြို့ ကမော္ဘဇအနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း ကလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

မိုးမောက်မြို့မ စျေးအတွင်းရှိ စားသောက်ဆိုင်/စျေးဆိုင်များတွင် ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး (Food Safety) ကွင်းဆင်း စစ်ဆေး

ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေးဦးစီးဌာန(FDA) မှ ပြည်နယ် ဝန်ထမ်းများ၊ ဗန်းမော်ခရိုင် အစားအသောက်နှင့် ဆေးဝါး ကာကွယ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မိုးမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်ဝန်ထမ်းများ ပူးပေါင်း၍ ယနေ့ နံနက်(၇)နာရီတွင် စစ်ဆေးခဲ့သည်။

နွေစပါးစိုက်ပျိုးသည့် တောင်သူများ အနှံထွက်ချိန် နှံစုပ်ပိုးကျရောက်မှုကာကွယ်ကြရန်လိုအပ်

ပဲခူတိုင်းဒေသကြီး ၊ ရေတာရှည်မြို့နယ်၊ ဆွာဆည်တမံမှ ရေပေးဝေမှုဖြင့် ဒီဇင်ဘာလ ဒုတိယ အပတ်မှ စတင်၍ နွေစပါးများ စိုက်ပျိုးခဲ့ရာ သက်ရင့် ရက်ကိုးဆယ် ထိုင်းကောက်စပါးများ အနှံများ ထွက်ရှိ လာကြပြီ ဖြစ်သည်။

ဘုတလင်မြို့တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

COVID-19 ရောဂါနှင့်ပတ်သက်၍ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ၊ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့ လူစည်ကားရာ နေရာများတွင် ယမန်နေ့မှ  စတင်ကာ အသိပညာပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
Subscribe to