သပိတ်ကျင်းမြို့နယ်တွင် အလှူရှင်များမှ PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူပစ္စည်းများ လှူဒါန်း၊ ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် (၇) မိုင် ချမ်းသာကျေးရွာ အလှူရှင် များမှ (၄) မိုင်ကျေးရွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များအား PPE ဝတ်စုံနှင့် ကျန်းမာရေး အထောက်အကူ ပစ္စည်းများအား ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့ပြီး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ် − ၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာ(၃၉)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်လာသူ  (၂၉)ဦး ရှိကြောင်းသိရ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း(၃၉)ဦးရှိပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှုကြောင့် နေရပ်ပြန်လည် ရောက်ရှိလာသူ(၂၉)ဦးရှိကာ ကိုဗစ်-၁၉ကြောင့် သေဆုံးလူနာ မရှိကြောင်း မြို့နယ် ကျန်းမာရေးဌာနထံမှ သိရှိရပါသည်။

နောင်ချိုမြို့ အထက(၁) တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီးများအား အမျိုးသမီးတစ်ကိုယ်ရေသုံးပစ္စည်းများ ပေးအပ်

ကျောက်မဲခရိုင်၊ နောင်ချိုမြို့ အထက(၁)တွင် Quarantine ဝင်ရောက်နေသော အမျိုးသမီးများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျောက်မဲခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ အမျိုးသမီးတစ်ကိုယ်ရေသုံး ပစ္စည်းများကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် လေရှီးမြို့နယ်၌ တောင်တန်းသာသနာပြု ကျောင်း တည် ဆောက်နိုင်ရန် ထောက်ပံ့ငွေပေးအပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ လေရှီးမြို့နယ်တွင် ဗုဒ္ဓဘာသာတောင်တန်း သာသနာ ပြု ဘုန်းတော်ကြီး ကျောင်းများ တည်ဆောက်နိုင်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်စပ် ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ ငွေ ကျပ်သိန်း(၁၉၀)ကို ယမန်နေ့ က နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဦးခင်မောင် လင်းနှင့် တာဝန် ရှိသူများက ကျေးရွာအရောက်သွားရောက် သွားရောက်ပေး အပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့စျေးအား ရက်အကန့်အသတ်မရှိ ယာယီပိတ်ထား

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးခရိုင် ၊ ကျောက်တလုံးကြီးမြို့တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် ကျောက်တလုံးကြီးစျေးအား စက်တင်ဘာ ၂၂ ရက်နေ့မှ စတင်၍ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် နေအိမ်ပြင်ပသို့ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ သွားလာ သူများအား စစ်ဆေး အရေးယူဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ် ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ နေအိမ်ပြင်ပသို့ နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ သွားလာကြသူများအား ယနေ့ နံနက်(၉) နာရီအချိန်က အရေးယူ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။

ဖယ်ခုံမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် လိုက်နာဆောင်ရွက်ခြင်းရှိ၊ မရှိ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဖရူဆိုမြို့နယ်တွင်  RC Structure အမျိုးအစား   (၄)ခန်းတွဲ (၃)ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီး

ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  ခွင့်ပြုရန်ပုံငွေ (၂၅၇.၄) သန်း ဖြင့် ဆွတ်ရိန်နော်ကုမ္ပဏီ မှ တာဝန်ယူ တည်ဆောက်လျက်ရှိသေ

ဖားကန့်-ကာမိုင်းလမ်း ချောင်းရေကျော်ခြင်းဖြစ်ပွားမှုကြောင့် သွားလာရခက်ခဲနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ဖားကန့်မြို့နှင့် ကာမိုင်းမြို့သွားကားလမ်းတွင် စက်တင်ဘာ ၂၅ ရက်ကစခဲ့သော မိုးသည်းခဲ့မှုကြောင့် မိုးကောင်းချောင်းနှင့် အင်းတော်ကြီးချောင်း တို့ ရေမြင့်တက်ခဲ့ပြီး ကားလမ်းပေါ် ချောင်းရေ သုံးပေခန့်ကျော်နေသည့် အတွက် ယနေ့တွင် ခရီးသည်တင် ကားငယ်များ ထွန်စက်ဖြင့်ဆွဲပြီး မော်တော်ဆိုင်ကယ်များကို လူအားဖြင့် ထမ်းသယ်နေရကြောင်း နန့်ယားကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နမ့်ဆန်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များ စေ့စပ်ညှိနှိုင်းအစည်းအဝေးဆောင်ရွက်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီတွင် ပါဝင်သောအဖွဲ့ဝင်များမှ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ လုပ်ငန်းတာဝန်များ အကြောင်းကို သိရှိနိုင်ရန် ယမန်နေ့ နံနက်(၁၀)နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to