မန္တလေး၊ စက်တင်ဘာ ၂၉
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ပျံကျဈေးသည်များအား နှာခေါင်းစည်း(Mask)၊ Face Shieldနှင့် လက် အိတ်များအခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မဟာဇေယျာဘုံ ရပ်ကွက်၊ ၂၅လမ်းနှင့်၂၆လမ်း ကြား၊ ၆၃လမ်းနှင့်၆၄လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"ကိုဗစ်-၁၉ရောဂါ ကူးစက်မှုတွေမဖြစ်ပွားရအောင်ကြိုတင်ကာကွယ် ထိန်းချုပ်တဲ့အနေနဲ့ရော ကိုဗစ်- ၁၉ ရောဂါနဲ့ ပတ်သက်လို့ ပေါ့ပေါ့ဆဆမနေကြစေဖို့ အသိပညာပေးရင်း အခုလို ပျံကျဈေးသည်တွေကိုအခမဲ့ပေးဝေခြင်းပဲ ဖြစ်ပါတယ်လို့" အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်က ပြောပြသည်။
အဆိုပါ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် အောင်မြေသာစံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြို့ဆောင်ဦးဆောင်၍ မဟာဇေယျာဘုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မျိုးမင်းနှင့်ရာအိမ်မှူးများက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်ထိန်းချုပ်သည့်အနေဖြင့် လမ်းဘေးတွင် ဈေးရောင်းချနေသောပျံကျဈေးသည် (၆၀)ဦးအားတစ်ဦးလျှင်အဝတ်နှာခေါင်းစည်း(၄)ခု၊Face Shield(၁)ခုနှင့် လက်အိတ်(၂)စုံစီတို့ကို အခမဲ့ပေးဝေခဲ့ပြီး ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)