ကသာ စက်တင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ များပါဝင်သော မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီမှ နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများအား ယနေ့ နံနက်ပိုင်းက ကသာမြို့ပေါ်ရှိ ဈေးများရှေ့၌ အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာမြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာရာတွင် နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး အပြင်ထွက် သွားလာခြင်း ရှိ၊ မရှိနှင့် မြို့ပေါ်ရှိ ဈေးများအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအနေဖြင့် နှာခေါင်း စည်း (Mask)များ တပ်ဆင်ပြီး ရောင်းဝယ်ခြင်းရှိ၊ မရှိကို စစ်ဆေးပြီး နှာခေါင်းစည်း(Mask)မတပ်ဆင်ဘဲ အပြင်ထွက်သွားလာသူများနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အရေးယူခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့သည်။
ထို့အပြင် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အသိပေး နှိုးဆော ခြင်းလုပ်ငန်းများကိုလည်း သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများအတွင်း လိုက်လံနှိုးဆော်ပေး လျက်ရှိ ကြောင်း ကသာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲအောင်(ပြန်/ဆက်)