မိုင်းဆတ် စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဝိန်းနေရပ်ကွက်၊ မယ်ဆွမ်မြောက်ရပ်ကွက်၊ ဆိုက်ခေါင် ကျေးရွာအုပ်စုနှင့် ကောင်းမှုတန်ကျေးရွာအုပ်စုတို့တွင် ဓာတ်သတ္တုလုပ်ငန်းလိုင်စင် လျှောက်ထားသည့် မြေနေရာများအား ခရိုင်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့တို့က ယမန်နေ့ မွန်းလွဲ(၁) နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ခရိုင်ဓါတ်သတ္တုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဟိန်းကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ မြို့နယ်ဓာတ်သတ္တုကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးနှင့် တာဝန်ရှိသူတို့က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဓာတ်သတ္တုလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရန် လုပ်ငန်းလိုင်စင်လျှောက်ထားသူ (၇)ဦးအနက် (၆)ဦး၏ လုပ်ငန်းဆောင်ရွက်မည့်မြေနေရာ (၆ဒဿမ၆၇) ဧကအား ကွင်းဆင်း၍ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)