သရက် စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင်အသုံးပြုရန် ခုံတန်းရှည် (၅၀) လုံး အား တိုင်းဒေသကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ ပေးအပ်လှူဒါန်းခြင်းကို သရက်မြို့ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့ နေ့လယ် (၁)နာရီက ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်လှူဒါန်းပွဲတွင် တိုင်းဒေသကြီးဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေ (၁၇၅၀၀၀၀/-) ကျပ် တန်ဖိုးရှိ ခုံတန်းရှည် (၅၀) လုံးကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးဇော်မိုးအောင် နှင့် ဒေါ်အေးယုမော်တို့က အသီးသီးလှူဒါန်းခဲ့ကြရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့် ရွှေအောင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)