ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ အသက် (၈၀) နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ပေးအပ်

 ဘောဂလိ၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌  အသက် (၈၀) နှစ်နှင့် (၈၅) နှစ်ကြား သက်ကြီးဘိုးဘွားများအား  ထောက်ပံ့ငွေများပေးအပ်ခြင်းကို  ယမန်နေ့နံနက်ပိုင်းက  ဆောင်ရွက်ပြီးစီးကြောင်း  သိရှိရသည်။ 

ကိုဗစ်-၁၉  ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း သက်ကြီးဘိုးဘွားများအတွက် ကျန်းမာစွာ နေ ထိုင်ရန်နှင့် အာဟာရပိုမိုဖြည့်တင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများ  ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဘောဂလိမြို့အတွင်းရှိ မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၇)အုပ်စုတို့မှ အသက်(၈၀)နှစ်နှင့် အသက်(၈၅)နှစ်ကြား  သက် ကြီးဘိုးဘွား (၇၄) ဦးတို့အား တစ်ဦးလျှင်ထောက်ပံ့ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၂၂၂၀၀၀၀)ကို ယမန်နေ့နံနက်ပိုင်းက ဘောဂလိမြို့အုပ်ချုပ်ရေးမှူးနှင့်  ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများက တစ်အိမ်တက်တစ်အိမ်ဆင်း လက်ဝယ်အရောက်  သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နီလာအေး  (ပြန်/ဆက်)