စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ နောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား မြစိမ်း ရောင် ကျေးရွာ စီမံကိန်း ပဉ္စမနှစ်စက်ဝန်းချေးငွေများ ထုတ်ချေးပေး

ကသာ   စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန် ရှိ သူများသည် ကသာမြို့နယ်၊ နောင်ပင်ကျေးရွာရှိ ဒေသခံပြည်သူများအား မြစိမ်းရောင် ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း ချေးငွေများကို ယမန်နေ့က အဆိုပါကျေးရွာသို့ သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါချေးငွေများ ထုတ်ချေးပေးရာတွင် ကသာခရိုင်နှင့် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ကာလအတွင်း နောင်ပင်ကျေးရွာရှိ ကျေးရွာနေပြည်သူများ၏ စီးပွားရေးအဆင်ပြေစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင် သူ (၇၉)ဦးအတွက် ငွေကျပ်(၄၂.၉)သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၂၇)ဦး အတွက် ငွေကျပ် (၁၁.၄)သန်းနှင့်  အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၂)ဦးအတွက် ငွေကျပ် (၁.၆) သန်း၊ စုစုပေါင်းငွေကျပ် (၅၅.၉)သန်းတို့ကို အဆိုပါကျေးရွာသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ရဲအောင်(ပြန်/ဆက်)