မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေပြည့်အမှတ်ထက် နှစ်ပေကျော်ခန့် ဆက်လက် ရေကျော်
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံ သည် အထက်ပိုင်းဒေသ မိုးရွာသွန်းမှု အားကောင်း ခဲ့သည့်အတွက် တမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့က စတင်ကာ တမံရေပြည့်အမှတ်ဖြစ်သည့် ၃၄၀ ပေအထက် ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျလျက်ရှိခဲ့ရာမှ ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ယင်း တမံရေပြည့်အမှတ်ထက် ရေပိုလွှဲမှ နှစ်ပေကျော်ခန့် ဆက်လက် ရေကျော်ကျလျက်ရှိနေကြောင်း အဆိုပါ ကြီးအုံကြီးဝ တမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင် ထံက သိရသည်။