ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask) မတပ်ဆင် သူများအား အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်နိုင်ရေး စည်ပင်သာ မြို့မဈေးကြီး နှင့်အပြင်ဘက်တိုက်တန်းများတွင် ယနေ့ နံနက်(၈)နာရီက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အရေးယူဆောင်ရွက်ခဲ့သည်။

လမ်းဘေးမြေစာပြိုကျမှု ဆက်လက်ဖြစ်ပွားခြင်းကြောင့် ချီဖွေ - ပန်ဝါသွား ကားလမ်း ယာယီပြတ်တောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေ- ပန်ဝါသွားကားလမ်း ချီဖွေမြို့မှ (၃) မိုင်နှင့် (၉) မိုင်ခန့် အကွာ တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က လမ်းဘေးမြေစာများ ပြိုကျမှု ဆက်လက်ဖြစ်ပွားခဲ့ရာမှ ချီဖွေ- ပန်ဝါလမ်း ယာယီပြတ်တောက်မှု ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ် တစ်ပိ ဿာကို ၃၅၀ကျပ်သာရရှိ၍ တစ်နိုင်တစ်ပိုင် မျှစ်ချဉ်လုပ်ငန်းလုပ်ကိုင်သူများ ဈေးကောင်း မရဖြစ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် တင်းဝါးချောင်းအုပ်စု ဒီးဒုတ်ကုန်းကျေးရွာတွင် မျှစ်ချဉ် လုပ်ငန်းကို တစ်နိုင်တစ်ပိုင် အိမ်တွင်းမိသားစုဝင်ငွေရလုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ကာလအတွင်း မျှစ်ချဉ်တစ်ပိဿာကို ၃၅၀ကျပ်သာရရှိ၍ ဈေးမကောင်းသောကြောင့် အဆင်မပြေဖြစ် နေကြကြောင်း အဆိုပါကျေးရွာ မျှစ်ချဉ် လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

သံတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်စည်း များအခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့လမ်းဆုံတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်(CERP)အရ ဆောင်ရွက်နေသော ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ‌ရေးနှစ်တွင် ကျေးလက်နေ လုပ်ကွက်ငယ် တောင်သူများ၊ ထုတ်လုပ် ရောင်းချနေသူများအား သွင်းအားစုနှင့် အရင်းအနှီး ရရှိစေရန်အတွက် ဆောင်ရွက် နေသော ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်ထံမှ သိရသည်။

မိုင်းဆတ်မြို့၌ MASK တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် ဒဏ်ပေးစနစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ကာလအတွင်း MASK တပ်ဆင်သွားလာရေး အသိပညာပေးနှင့် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား တတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ဘန်ရူခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒိုက်​ဦးမြို့နယ်ရဲတပ်ဖွဲ့မှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်​ဦးမြို့နယ်ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၂၈ ရက်၊ နံနက် ၇ နာရီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ်ဖြင့် ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်၍ Cash For Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ (၁၃) ရွာတွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ လိုက်လံအသိပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများသို့ တိုက်တွန်းအကြံပြုချက်များနှင့် သိရှိလိုက်နာရမည့် အချက်များ၊ စည်းမျဉ်း၊ ဥပဒေများကို လိုက်နာ စောင့်ထိန်းခြင်းဖြင့် ရောဂါပိုးကာကွယ်ထိန်းချုပ်နိုင်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ရပ်ကွက်၊ ကျေးရွာများ၌ ကျန်းမာရေးဦးစီးဌာန မော်တော်ယာဉ်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်၊ Hand Speaker တို့ဖြင့် လိုက်လံအသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to