ပုလော စက်တင်ဘာလ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များနှင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ လူမှုရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉နာရီခွဲက ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၀င်များက ပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးသည့် ဂိတ်တွင် တာ၀န်ကျ ကျန်းမာရေး၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ် တပ်ဖွဲ့ ၀င်များ၊ ဌာန ဆိုင်ရာ တာ၀န်ရှိသူများ၊ အရပ်ဘက် လူမှုရေး အသင်းအဖွဲ့များမှ အဝေးပြေး ယာဉ်လိုင်းများ၊ အိမ်စီး ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်း သွားလာနေကြသည့် ခရီးသွား ပြည်သူများကို အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ လက်ကို မကြာခဏ သန့်ရှင်းစင်ကြယ်စွာ ဆေးကြောရန် အစရှိ သည့် ကျန်းမာရေး အသိပညာပေးခြင်း နှင့် နှာခေါင်းစည်း များ တပ်ဆင်ခြင်း မရှိပါက ချက်ချင်း ၀ယ်ယူ တပ်ဆင် စေခြင်းစနစ်ဖြင့် ဆောင်ရွက် လျက်ရှိ ကြောင်း သိရှိရသည်။
အေးအေးမော်(ပုလော −ပြန်/ဆက်)