ပင်လောင်း စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စည်ပင် သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လမ်း၊ တံတား၊ ရေပေးရေး၊ ငွေလုံးငွေရင်း လုပ်ငန်းများနှင့် (မွမ်းမံ) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
ပင်လောင်းမြို့တွင်းရှိ လမ်းတံတား(ငွေလုံး)ဖြင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ လမ်းတံတား (ငွေလုံးမွမ်းမံ)ဖြင့် ကတ္တရာလမ်းသစ်ခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်တံတား ပြုပြင်ခြင်းနှင့် အခြားတည်ဆောက်ရေး(ငွေလုံး)မှ မြေကာနံရံ ကျောက်ရိုး စီခြင်းလုပ်ငန်း၊ အခြားတည်ဆောက်ရေး (ငွေလုံးမွမ်းမံ)ဖြင့် ကလိုရင်းဆေး ဝယ်ယူခြင်းနှင့် ရေပိုက်ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်အဆင့် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်စား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်သိန်းရွှေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဇော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဝင်းနိုင်ဦးတို့က ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)