မြောင်မြို့နယ်ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ On Line မှတစ်ဆင့် အသိပညာ ပေး လုပ်ငန်းများဆောင်ရွက်

မြောင်   စက်တင်ဘာ -  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကိုဗစ်- ၁၉ရောဂါ ကာလအတွင်း ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရေး အတွက် ရည်ရွယ်ကာ On Line  မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ  ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

"ကျွန်မတို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာကြည့်တိုက်သို့မလာရောက် နိုင်သည့်  ပြည်သူ များ အသိပညာ ဗဟုသုတ ရရှိစေရေး ကိုရည်ရွယ်ကာ မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲများနှင့်ပူးပေါင်းကာ ပြည်သူများအား ဗဟုသုတရရှိစေရန် ယာဉ်စည်းကမ်းလမ်း စည်းကမ်းဆိုင်ရာ အသိပညာပေး​​​​လုပ်ငန်းများ​၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်​ရေး အသိပညာပေး လုပ်ငန်းများ၊ ကလေးများ ကဗျာရွတ်ဆိုမှုနှင့် စာအုပ်မိတ်ဆက်ခြင်း များကို Online မှတစ်ဆင့် Talk Show အစီစဉ် များကို မြို့နယ်Community Centreမှာ ပြုလုပ် ဆောင်ရွက် လျက်ရှိပါတယ်" ဟု မြို့နယ်ဦးစီးမှူး ဒေါ်ထက်ထက်လင်းက ပြောပြ၍သိရသည်။

မြောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre တွင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရေးအတွက် Talk Show အစီအစဥ်များအား ကိုဗစ်-၁၉ ရော ဂါ ကာလအတွင်း On Line မှတစ်ဆင့် အပတ်စဉ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တင်ကိုကို(မြောင်)