လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Lockdown ချထားသော လမ်းများရှိ  အိမ်ထောင်စုများ အတွက် ဆန်၊ဆီ၊ကြက်သွန်၊ဆားနှင့် Sunday Coffee များလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း)  စက်တင်ဘာ  ၂၉

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် ၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ လှိုင်သာယာ မြို့နယ် ကိုဗစ်−၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အမှတ်(၉) ရပ်ကွက်၊ အမှတ် (၁၀)ရပ်ကွက် ၊အမှတ်(၁၂) ရပ်ကွက်၊ အမှတ်(၁၄)ရပ်ကွက်များရှိ Lockdown ချထားသော လမ်းများမှ အိမ်ထောင်စုများအတွက် ဆန်၊ဆီ၊ ကြက်သွန်၊ဆား၊ Sunday Coffee များကို ယမန်နေ့ ညနေ ပိုင်းက ပေးအပ်လှူဒါန်းသည်။

အဆိုပါ  ပေးအပ်လှူဒါန်းရာတွင် လှိုင်သာယာမြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ တို့က လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် အမှတ်(၉)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၃၅)စု၊အမှတ်(၁၀)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၁၉)စု၊ အမှတ်(၁၂)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု (၁၈)စု၊ အမှတ်(၁၄)ရပ်ကွက်တွင် Lockdown ချထားသော လမ်းများမှ အိမ်ထောင်စု(၁၄)စု စုစုပေါင်း အိမ်ထောင်စု(၈၆)စုတို့အား  ပေးအပ်လှူဒါန်းသည်။

ထိုသို လှူဒါန်းပေးအပ်ရာတွင် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)သား(၁)ဘူး၊ ကြက်သွန်နီ တစ်ပိဿာ၊ ဆား(၁)ထုပ်၊ Sunday Coffee (၁၀)ထုပ် စီပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)